Sunday, January 26, 2014

မေးခွန်းတစ်ရာတွင်မြန်မာနိုင်ငံနှင့်ကိုက်ညီသမျှ





          သူငယ်ချင်းတစ်ဦးထံမှ သူဖြေထားသော အမေရိကန်-နိုင်ငံသားပြုလက်စွဲစာအုပ် မိမိလက်ထဲကိုရောက်လာသည့်နေ့မှစ၍ အမိမြန်မာနိုင်ငံအတွက်တစ်ခုခုရေးချင်နေမိသည် ၊ အမေရိကန်နိုင်ငံသားပြုလက်စွဲစာအုပ်ကိုအဓိက ( ၃ ) ပိုင်းခွဲပြုစုထားရာ ( A ) အမေရိကန်ဒီမိုကရေစီ၏အခြေခံမူများ ၊ ( B ) အစိုးရစံနစ်တည်ဆောက်ပုံ နှင့် ( C ) နောက်ဆုံးအမေရိကန်သမိုင်းနှုင့်အခြားသမိုင်းဝင်အချက်အလက်များ တို့ပါဝင်ကြသည် ၊ ထိုစာအုပ်တွင် မေးခွန်း ( ၁ဝဝ ) ပါဝင်ပြီး အဖြေများကိုပါ ဖော်ပြပေးထားသည် ၊ ဒီမိုကရေစီဘိုးအေ အမေရိကန်နိုင်ငံ၏ သက်တမ်း ၂၂၆ နှစ်ရှိပြီဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေအကျဉ်းကို လေ့လာမိသောအခါ ထိုအထဲမှ အမိမြန်မာနိုင်ငံနှင့်အသုံးတည့်နိုင်မည့် မေးခွန်း ( ၅ ) ခု ကို ထုတ်နှုတ်ဖော်ပြလိုပါသည် ။


မေးခွန်းနံပါတ် ( ၁ ) အမိမြေ၏အမြင့်ဆုံးဥပဒေမှာအဘယ်နည်း ။

          အဖြေ ။      ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည် ။

         ( ဖြေရှင်းချက် ။ အမေရိကန်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံအားလုံးထက်စောသည် ၊ ယင်းကိုပြည်သူအခြေပြုစည်းကမ်းချက်များဖြင့် နိုင်ငံ၏အစိုးရယန္တရားကို လည်ပတ်စေသည် ၊ ပြည်သူ့ကိုယ်စားလှယ်ဒီမိုကရေစီ ဟုခေါ်ဆိုပြီး ဥပဒေပြုအမတ်များကိုပြည်သူကရွေးချယ်ပေးရသည် ၊ အမေရိကန်နိုင်ငံသားများက နိုင်ငံကိုဒီမိုကရက်တစ်အချုပ်အချာအာဏာဖြင့်ဦးဆောင်မည့်သမ္မတ ကိုပါ ရွေးချယ်ပေးကြသည် ၊ အခြေခံဥပဒေသည် ပြည်သူလူထု၏အခြေံခံရပိုင်ခွင့်များကိုအကာအကွယ်ပေးသည် ၊ နိုင်ငံတွင်းတွင်ပြဌာန်းသမျှဥပဒေများသည် အဆိုပါဖွဲ့စည်းပုံအခြေခံကိုမလွဲမသွေလိုက်နာရမည် ။ )


မေးခွန်းနံပါတ် ( ၂ ) ဖွဲ့စည်းပုံအခြေခံဥပဒေသည် မည်သည့်အလုပ်ကို လုပ်ပါသနည်း ။

          အဖြေ ။      ။ ၁။ အစိုးရကိုတည်ဆောက်ပေးသည် ၂။ အစိုးရကိုအဓိပ္ပာယ်သတ်မှတ်ပေးသည် ၃။ အမေရိကန်ပြည်သူများ၏အခြေခံရပိုင်ခွင့်ကိုကာကွယ်ပေးသည် ။

         ( ဖြေရှင်းချက် ။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရ၏လုပ်ပိုင်ခွင့်အာဏာကို ဖယ်ဒရယ်မူဖြင့် ( ၃ ) ပိုင်းကန့်သတ်ထားပြီး အုပ်ချုပ်ရေးအာဏာ ၊ ဥပဒေပြဌာန်းရေးအာဏာ ၊ တရားစီရင်ရေးအာဏာ တို့ဖြစ်ကြသည် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထိုအာဏာအသီးသီးကိုအဓိပ္ပာယ်ဖွင့်ဆိုရှင်းပြထားသည် ၊ အဆိုပါဖွဲ့စည်းပုံတွင် ဥပဒေပြင်ဆင်ခွင့် နှင့် ဥပဒေထပ်တိုးခွင့် ရှိသည် ၊ ပထမဦးဆုံးဥပဒေပြင်ဆင်ချက် ( ၁ဝ ) ချက်ကို အခွင့်အရေးပြန်တမ်း ဟုခေါ်ဆိုပြီး ၄င်းသည် အမေရိကန်တစ်ဦးစီ၏အခွင့်အရေးများကိုအခြေပြုထားပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်သည် ။ )


မေးခွန်းနံပါတ် ( ၃ ) ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သော ကိုယ်ပိုင်အစိုးရ၏ထိပ်ဆုံးစကားလုံး ( ၃ ) လုံးရှိသည် ၊ ၄င်းတို့ကိုဖော်ပြပါ ။

        အဖြေ ။      ။ WE THE PEOPLE - ကျွန်ုပ်တို့သည်ပြည်သူများဖြစ်သည် ။

         ( ဖြေရှင်းချက် ။ အခြေခံဥပဒေ က အောက်ပါအတိုင်းဖွဲ့ဆိုသည် - “ ကျွန်ုပ်တို့အမေရိကန်နိုင်ငံသားများသည် ပြီးပြည့်စုံသောနိုင်ငံတည်ဆောက်နိုင်ရေးအလို့ငှာ တရားမျှတရေး ၊ ဒီမိုကရေစီစံချိန်စံညွှန်းညီမျှရေး ၊ အမျိုးသားအကျိုးစီးပွားကာကွယ်ရေး ၊ အလုံးစုံတိုးတက်ရေးကိုဖော်ဆောင်နိုင်ရေး ၊ ငြိမ်းချမ်းရေးလက်ဝယ်ပိုင်ဆိုင်ရေး နှင့် နောင်လာမျိုးဆက်သစ်ကောင်းများပေါ်ထွန်းရေးအတွက် ဤဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲအတည်ပြုလိုက်နာပါမည် ” ၊ “ကျွန်ုပ်တို့သည်ပြည်သူများဖြစ်သည် ” စကားလုံးအရ ပြည်သူများသည် အစိုးရကိုတည်ဆောက်သည်ဟု ဖွဲ့စည်းပုံ က ဆိုသည် ၊ အစိုးရသည်ပြည်သူအတွက်အလုပ်လုပ်ပြီးပြည်သူလူထု၏အခွင့်အရေးကိုကာကွယ်သည် ၊ အမေရိကန်တွင် အစိုးရ၏အာဏာသည်ပြည်သူ့ထံမှလာသည် ၊ ၄င်းကို ကျော်ကြားသောအချုပ်အချာအာဏာ ဟု ခေါ်တွင်သည် ၊ ဥပဒေပြုရန်ကိုယ်စားလှယ်များကို ရွေးချယ်သူများမှာ ပြည်သူများသာဖြစ်သည် ။ )


မေးခွန်းနံပါတ် ( ၁၂ ) “ တရားဥပဒေစိုးမိုးရေး ” ဆိုသည်မှာ အဘယ်နည်း ။

        အဖြေ ။      ။ လူတိုင်းဥပဒေလိုက်နာရမည် ၊ ခေါင်းဆောင်များဥပဒေလိုက်နာရမည် ၊ အစိုးရသည်ဥပဒေလိုက်နာရမည် ၊ ဥပဒေအထက်တွင်မည်သူမျှမရှိစေရ ။

( ဖြေရှင်းချက် ။ ဂျွန်အက်ဒမ်သည် အမေရိကန်၏ဒုတိယသမ္မတဖြစ်ပြီး အမျိုးသားအခြေခံဥပဒေကိုရေးဆွဲခဲ့သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည် ၊ သူသည် “ ဥပဒစိုးမိုးသည့်အစိုးရဖြစ်သည် ၊ လူစိုးမိုးသည့်အစိုးရမဟုတ် ” ဟု တိုင်းပြည်ကိုအဓိပ္ပာယ်ဖွင့်ဆိုသွားသည် ၊ ဥပဒေအထက်တွင်မည်သူ / မည်သည့်အုပ်စုမျှမရှိစေရ ။ နိုင်ငံသားတိုင်းနှင့်ခေါင်းဆောင်များသည် ဥပဒေကိုလိုက်နာခြင်းသည် တရားဥပဒေစိုးမိုးရေးဖြစ်သည် ။ အမေရိကန်တွင် အမေရိကန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားဥပဒေစိုးမိုးရေး၏အခြေခံဖြစ်သည် ။ အမေရိကန်သည် ဒီမိုကရေစီဖြင့်အခြေခံဖွဲ့စည်းထားသည့် ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေရှိသည့်တိုင်းပြည်ဖြစ်သည် ။ ထိုစံနစ်အရပြည်သူများသည်တရားဥပဒေများကိုလိုက်နာလိုကြသည် ၊ အကြောင်းမှာ ၄င်းတို့ရွေးချယ်ခဲ့သောလွှတ်တော်ကိုယ်စားလှယ်များကရေးဆွဲသောဥပဒေများဖြစ်သောကြောင့်ဖြစ်သည် ။ အကယ်၍ လူအားလုံးကိုဥပဒေတစ်ခုတည်းဖြင့်သာအုပ်ချုပ်မည်ဆိုလျှင် တစ်ဦးချင်းအခွင့်အရေး နှင့် ငြိမ်းချမ်းမှုတို့သည် ပိုမို၍အကာအကွယ်ရကြလိမ့်မည် ၊ တရားဥပဒေစိုးမိုးရေးသည် အစိုးရမှ ပြည်သူလူထုကိုသာတူညီမျှကာကွယ်ပေးရေးနှင့် မည်သူတစ်ဦးတစ်ယောက်၏အခွင့်အရေးကိုဖောက်ဖျက်ကျူးလွန်မှုမရှိစေရန် အကူအညီပေးသည် ။ )


မေးခွန်းနံပါတ် ( ၅၅ ) အမေရိကန်များ သူတို့၏ဒီမိုကရေစီအရေးတွင် ပါဝင်ဆင်နွှဲနိုင်သော အခွင့်အရေး ( ၂  ) ခု ကို ဖော်ပြပါ ။

        အဖြေ ။      ။ မဲပေးခွင့် ၊ နိုင်ငံရေးပါတီသို့ဝင်ခွင့် ၊ စည်းရုံးရေးအဖွဲ့များကိုကူညီခွင့် ၊ လူမှုအဖွဲ့အစည်းကိုကူညီခွင့် ၊ ပြသနာတစ်ခုခုရှိလျှင် ရွေးကောက်ခံနိုင်ငံအရာရှိကို သင့်ထင်မြင်ချက်ပေးခွင့် ၊ အထက်လွှတ်တော်အမတ် နှင့် လွှတ်တော်ကိုယ်စားလှယ်များကိုတိုင်ကြားခွင့် ၊ ပြသနာတစ်ခု ( သို့ ) မူတစ်ခုကို လူသိရှင်ကြားထောက်ခံခွင့် နှင့် ဆန့်ကျင်ခွင့် ၊ ရုံးခန်းဖွင့်ခွင့် ၊ သတင်းစာတစ်စောင်စောင်သို့စာရေးသားခွင့် ။ ( ထိုအထဲမှ ၂ ခု ကို ဖြေရမည် )

( ဖြေရှင်းချက် ။ နိုင်ငံသားများသည် ၄င်းတို့၏လူမှုအဖွဲ့အစည်းများတွင် တက်ကြွစွာလှုပ်ရှားပါဝင်ကြသည် ၊ ထို့ပြင်နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်လာလျှင် ဒီမိုကရေစီအမြဲရှင်သန်ပြီးအားကောင်းစေသည် ၊ ပါဝင်ကူညီနိုင်သောနည်းလမ်းများမှုာ အသစ်ရွှေ့ပြောင်းနိုင်ငံသားများကို အင်္ဂလိပ်စာ နှင့် လူမှုရေး တို့ကိုသင်ကြားပေးခြင်း ၊ မိဘ-ဆရာအသင်းဝင်၍ပါဝင်ကူညီနိုင်ခြင်း ၊ ဒေသခံကျောင်း၏ မိဘ-ဆရာဘုတ်အဖွဲ့ဝင်ရာထူးအတွက်ဝင်ရောက်အရွေးခံနိုင်ခြင်း နှင့် မဲရုံများတွင်ကူညီခြင်းတို့ဖြစ်ကြသည် ။ ပြည်သူများ မဲပေးနိုင်ပြီး နိုင်ငံရေးမဲဆွယ်ပွဲများတွင်ကူညီနိုင်သကဲ့သို့ လူမှုအဖွဲ့အစည်းများတွင် လုပ်အားပေးနိုင်သည် ။ သို့တည်းမဟုတ် မိမိတို့အတွက်အရေးကြီးသည့်ကိစ္စရပ် / ပြသနာများကိုဖြေရှင်းပေးရန် အထက်လွှတ်တော်အမတ် နှင့် လွှတ်တော်ကိုယ်စားလှယ်များကို ခေါ်ယူတွေ့ဆုံခွင့်ရှိသည် ။ )


          ဥပဒေပြုလွှတ်တော်တွင် စစ်တပ်အခန်းကဏ္ဌရာခိုင်နှုန်းမည်မျှပါဝင်သနည်းဟု အဆိုပါစာအုပ်ထဲတွင် အထပ်ထပ်အခါခါရှာဖွေကြည့်မိသော်လည်း မတွေ့ရှိပါ ၊ နိုင်ငံတည်ဆောက်သည့်တပ်မတော်သည်နိုင်ငံကိုကျူးကျော်မည့်သူများကိုရှာဖွေနှိမ်နင်းရန်တာဝန်ရှိသည် ၊ အဓိကစစ်သေနာပတိချုပ်အာဏာသည် နိုင်ငံတော်သမ္မတ လက်ဝယ်တွင်သာရှိသည်ကိုဖတ်ရသည် ၊ လက်ရှိမြန်မာ့နိုင်ငံရေးမှာ အလှည့်အပြောင်းအကွေ့အစွန်းတွင်ရောက်နေသည်ဟုဆိုလျှင်မှားအံ့မထင် ၊ ဘယ်ဘက်ကိုကွေ့မည်လား / ညာဘက်ကိုကွေ့မည်လား စိတ်ဝင်စားသူများရှိသလို ကပ်ကွေ့လား / ပန်းကွေ့လား မသုံးသပ်နိုင်သူများလည်း တပုံတပင်ဖြစ်နေကြသည် ၊ နောက်ဆံတင်းသူများကတော့ လမ်းဘေးလည်းချမရပ် ဘေးလည်းမကပ် ဒီမိုကရေစီလမ်းကိုကန့်လန့်ဒရွတ်တိုက် လိုက်နေကြပေသည် ၊ ထိုအကြပ်အတည်းကိုဖြေရှင်းရန် နှင့် မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် နိုင်ငံ့အကျိုးငှာ လေ့လာမိသော အဝေးရောက်အတွေ့အကြုံများကို တိုင်းကျိုးပြည်ပြုရေးသားမျှဝေလိုက်ခြင်းဖြစ်ပါသည် ၊ ထိုအထဲမှ အမိမြန်မာနိုင်ငံနှင့်ကိုက်ညီသည့်အခြေခံအချက်အလက်များကို အသစ်ပေါ်ပေါက်လာမည့် ဖွဲ့စည်းပုံအခြေခံပြင်ဆင်ချက်များတွင် ထည့်သွင်းပြဌာန်းနိုင်ပါရန် ပြည်သူများတင်မြှောက်ထားသော ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များကို စေတနာအရင်းခံ တိုက်တွန်းလိုက်ရပါသည် ။


ကိုညီညီ - တောင်ကြီး

" မေးခွန်းတစ်ရာတွင်မြန်မာနိုင်ငံနှင့်ကိုက်ညီသမျှ " စာမူကို

 Hot News Journal အတွဲ ၄ ၊ အမှတ် (  ၁၇၄ ) ၊ စာမျက်နှာ ( ၃၁ ) တွင် ဖော်ပြပါရှိသည် ။

Download Link: http://www.mediafire.com/download/eq85m2g895eq6yi/174.pdf





" မေးခွန်းတစ်ရာတွင်မြန်မာနိုင်ငံနှင့်ကိုက်ညီသမျှ " စာမူကို Hot News Journal အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပါသည်။

http://www.hotnewsweekly.com/node/1374

မေးခွန်းတစ်ရာတွင်မြန်မာနိုင်ငံနှင့်ကိုက်ညီသမျှ



သူငယ်ချင်းတစ်ဦးထံမှ သူဖြေထား သော အမေရိကန်-နိုင်ငံသားပြုလက်စွဲ  စာအုပ်မိမိလက်ထဲကိုရောက်လာသည့်နေ့မှစ၍အမိမြန်မာနိုင်ငံအတွက်တစ်ခုခု ရေးချင်နေမိသည်။
အမေရိကန်နိုင်ငံသားပြုလက်စွဲစာ အုပ်ကိုအဓိက (၃) ပိုင်းခွဲပြုစုထားရာ(A)အမေရိကန်ဒီမိုကရေစီ၏အခြေခံမှု များ၊(B) အစိုးရစနစ်တည်ဆောက်ပုံနှင့် (C)နောက်ဆုံးအမေရိကန်သမိုင်းနှင့်အခြား သမိုင်းဝင်အချက်အလက်များတို့ပါဝင် ကြသည်။ ထိုစာအုပ်တွင်မေးခွန်း(၁၀၀) ပါဝင်ပြီး အဖြေများကိုပါဖော်ပြပေးထား သည်။ ဒီမိုကရေစီဘိုးအေအမေရိကန် နိုင်ငံ၏သက်တမ်း ၂၂၆ နှစ်ရှိပြီဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေအကျဉ်းကိုလေ့လာ မိသောအခါထိုအထဲမှအမိမြန်မာနိုင်ငံနှင့် အသုံးတည့်နိုင်မည့်မေးခွန်း(၅)ခုကို ထုတ် နှုတ်ဖော်ပြလိုပါသည်။
မေးခွန်းနံပါတ် (၁) အမိမြေ၏အမြင့်ဆုံး ဥပဒေမှာအဘယ်နည်း။
အဖြေ-
ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည်။
ဖြေရှင်းချက်-
အမေရိကန်နိုင်ငံ၏ဖွဲ့စည်းပုံအခြေ ခံဥပဒေသည် နိုင်ငံအားလုံးထက်စောသည်။ ယင်းကိုပြည်သူအခြေပြုစည်းကမ်းချက်များ  ဖြင့်နိုင်ငံ၏အစိုးရယန်္တရားကိုလည်ပတ် စေသည်။ ပြည်သူ့ကိုယ်စားလှယ်ဒီမိုကရေစီ ဟုခေါ်ဆိုပြီး ဥပဒေပြုအမတ်များကိုပြည် သူကရွေးချယ်ပေးရသည်။ အမေရိကန် နိုင်ငံသားများကနိုင်ငံကိုဒီမိုကရက်တစ် အချုပ်အချာအာဏာဖြင့်ဦးဆောင်မည့် သမ္မတကိုပါရွေးချယ်ပေးကြသည်။ အခြေ ခံဥပဒေသည် ပြည်သူလူထု၏အခြေခံရပိုင်ခွင့်များကိုအကာအကွယ်ပေးသည်။ နိုင်ငံတွင်းတွင်ပြဋ္ဌာန်းသမျှဥပဒေများသည် အဆိုပါဖွဲ့စည်းပုံအခြေခံကိုမလွဲမသွေလိုက် နာရမည်။
မေးခွန်းနံပါတ် (၂) ဖွဲ့စည်းပုံအခြေခံဥပေဒ သည် မည်သည့်အလုပ်ကိုလုပ်ပါသနည်း။
အဖြေ-
(၁) အစိုးရကိုတည်ဆောက်ပေး သည်။ (၂) အစိုးရကိုအဓိပ္ပာယ်သတ်မှတ် ပေးသည်။ (၃) အမေရိကန်ပြည်သူများ ၏အခြေခံရပိုင်ခွင့်ကိုကာကွယ်ပေးသည်။
ဖြေရှင်းချက်-
ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုး ရ၏လုပ်ပိုင်ခွင့်အာဏာကို ဖက်ဒရယ်မှု ဖြင့် (၃)ပိုင်းကန့်သတ်ထားပြီးအုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြဋ္ဌာန်းရေးအာဏာ၊တရားစီရင်ရေးအာဏာတို့ဖြစ်ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထိုအာဏာ အသီးသီးကိုအဓိပ္ပာယ်ဖွင့်ဆိုရှင်းပြထား သည်။ အဆိုပါဖွဲ့စည်းပုံတွင် ဥပဒေပြင်ဆင်ခွင့်နှင့်ဥပဒေထပ်တိုးခွင့်ရှိသည်။ ပထမ ဦးဆုံးဥပဒေပြင်ဆင်ချက် (၁၀)ချက်ကို အခွင့်အရေးပြန်တမ်းဟုခေါ်ဆိုပြီး ၎င်း  သည်အမေရိကန်တစ်ဦးစီ၏အခွင့်အရေးများကိုအခြေပြုထားပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်သည်။
မေးခွန်းနံပါတ် (၃) ဖွဲ့စည်းပုံအခြေခံဥပဒေ တွင်ပါဝင်သော ကိုယ်ပိုင်အစိုးရ၏ထိပ်ဆုံး စကားလုံး (၃) လုံးရှိသည်။ ၎င်းတို့ကိုဖော် ပြပါ။
အဖြေ-
WETHEPEOPLE  -ကျွန်ုပ်တို့သည် ပြည်သူများဖြစ်သည်။
ဖြေရှင်းချက်-
အခြေခံဥပဒေကအောက်ပါအတိုင်း  ဖွဲ့ဆိုသည်။ ကျွန်ုပ်တို့အမေရိကန်နိုင်ငံ သားများသည် ပြီးပြည့်စုံသောနိုင်ငံတည် ဆောက်နိုင်ရေးအလို့ငှာတရားမျှတရေး၊ဒီမိုကရေစီစံချိန်စံညွှန်းညီမျှရေး အမျိုးသား အကျိုးစီးပွားကာကွယ်ရေး အလုံးစုံတိုး တက်ရေးကိုဖော်ဆောင်နိုင်ရေး ငြိမ်းချမ်း ရေးလက်ဝယ်ပိုင်ဆိုင်ရေးနှင့်နောင်လာမျိုး ဆက်သစ်ကောင်းများပေါ်ထွန်းရေးအတွက် ဤဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲအတည်  ပြုလိုက်နာပါမည်။ကျွန်ုပ်တို့သည်ပြည် သူများဖြစ်သည်””စကားလုံးအရပြည်သူ များသည် အစိုးရကိုတည်ဆောက်သည် ဟု ဖွဲ့စည်းပုံကဆိုသည်။ အစိုးရသည်ပြည်သူအတွက်အလုပ်လုပ်ပြီးပြည်သူလူ ထု၏အခွင့်အရေးကိုကာကွယ်သည်။  အမေရိကန်တွင်အစိုးရ၏အာဏာသည် ပြည်သူ့ထံမှလာသည်။ ၎င်းကို ကျော်ကြားသောအချုပ်အချာအာဏာ ဟုခေါ်တွင် သည်။ ဥပဒေပြုရန်ကိုယ်စားလှယ်များကို ရွေးချယ်သူများမှာ ပြည်သူများသာဖြစ် သည်။
မေးခွန်းနံပါတ် (၁၂““တရားဥပဒေစိုးမိုး ရေး””ဆိုသည်မှာ အဘယ်နည်း။
အဖြေ-
လူတိုင်းဥပဒေလိုက်နာရမည်။ ခေါင်း ဆောင်များဥပဒေလိုက်နာရမည်။ အစိုးရ သည်ဥပဒေလိုက်နာရမည်။ ဥပဒေအထက် တွင်မည်သူမျှမရှိစေရ။
ဖြေရှင်းချက်-
ဂျွန်အက်ဒမ်သည် အမေရိကန်၏ ဒုတိယသမ္မတဖြစ်ပြီးအမျိုးသားအခြေခံ ဥပဒေကိုရေးဆွဲခဲ့သူများထဲတွင် တစ်ဦး အပါအ၀င်ဖြစ်သည်။ သူသည် ““ဥပဒေစိုးမိုးသည့်အစိုးရဖြစ်သည်။ လူစိုးမိုးသည့် အစိုးရမဟုတ်””ဟုတိုင်းပြည်ကိုအဓိပ္ပာယ် ဖွင့်ဆိုသွားသည်။ ဥပဒေအထက်တွင်မည် သူ/မည်သည့်အုပ်စုမျှမရှိစေရ။နိုင်ငံသား တိုင်းနှင့်ခေါင်းဆောင်များသည်ဥပဒေကို လိုက်နာခြင်းသည် တရားဥပဒေစိုးမိုးရေး ဖြစ်သည်။ အမေရိကန်တွင်အမေရိကန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသည် တရား ဥပဒေစိုးမိုးရေး၏အခြေခံဖြစ်သည်။ အမေ ရိကန်သည်ဒီမိုကရေစီဖြင့်အခြေခံဖွဲ့စည်း ထားသည့်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံ ဥပဒေရှိသည့် တိုင်းပြည်ဖြစ်သည်။ ထို စနစ်အရပြည်သူများသည်တရားဥပဒေ များကိုလိုက်နာလိုကြသည်။ အကြောင်းမှာ၎င်းတို့ရွေးချယ်ခဲ့သောလွှတ်တော်ကိုယ် စားလှယ်များကရေးဆွဲသောဥပဒေများ ဖြစ်သောကြောင့်ဖြစ်သည်။ အကယ်၍ လူအားလုံးကိုဥပဒေတစ်ခုတည်းဖြင့်သာအုပ်ချုပ်မည်ဆိုလျှင် တစ်ဦးချင်းအခွင့် အရေးနှင့်ငြိမ်းချမ်းမှုတို့သည်ပိုမို၍အကာ အကွယ်ရကြလိမ့်မည်။ တရားဥပဒေစိုး မိုးရေးသည် အစိုးရမှပြည်သူလူထုကိုသာတူညီမျှကာကွယ်ပေးရေးနှင့်မည်သူတစ်ဦး တစ်ယောက်၏အခွင့်အရေးကိုဖောက်ဖျက် ကျူးလွန်မှုမရှိစေရန် အကူအညီပေးသည်။
မေးခွန်းနံပါတ်(၅၅)အမေရိကန်များသူတို့ ၏ဒီမိုကရေစီအရေးတွင် ပါဝင်ဆင်နွှဲနိုင် သော အခွင့်အရေး (၂) ခုကို ဖော်ပြပါ။
အဖြေ-
မဲပေးခွင့်၊ နိုင်ငံရေးပါတီသို့ဝင်ခွင့်၊ စည်းရုံးရေးအဖွဲ့များကိုကူညီခွင့် လူမှုအဖွဲ့ အစည်းကိုကူညီခွင့် ပြဿနာတစ်ခုခုရှိ လျှင် ရွေးကောက်ခံနိုင်ငံအရာရှိကို သင့်ထင်မြင်ချက်ပေးခွင့် အထက်လွှတ်တော် အမတ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ကိုတိုင်ကြားခွင့် ပြဿနာတစ်ခု (သို့မှု တစ်ခုကို လူသိရှင်ကြားထောက်ခံခွင့်နှင့်ဆန့်ကျင်ခွင့် ရုံးခန်းဖွင့်ခွင့် သတင်းစာတစ် စောင်စောင်သို့စာရေးသားခွင့်။ (ထိုထဲမှ  ၂ ခု ကို ဖြေရမည်)
ဖြေရှင်းချက်-
နိုင်ငံသားများသည် ၎င်းတို့၏လူမှု အဖွဲ့အစည်းများတွင်တက်ကြွစွာလှုပ်ရှား ပါဝင်ကြသည်။ ထို့ပြင်နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်လာလျှင်ဒီမိုကရေစီအမြဲရှင်သန်  ပြီးအားကောင်းစေသည်။ ပါဝင်ကူညီနိုင် သောနည်းလမ်းများမှာအသစ်ရွှေ့ပြောင်း နိုင်ငံသားများကို အင်္ဂလိပ်စာနှင့်လူမှုရေး တို့ကိုသင်ကြားပေးခြင်း၊ မိဘ-ဆရာအသင်း ၀င်၍ပါဝင်ကူညီနိုင်ခြင်း ဒေသခံကျောင်း ၏မိဘ-ဆရာဘုတ်အဖွဲ့ဝင်ရာထူးအတွက်ဝင်ရောက်အရွေးခံနိုင်ခြင်းနှင့် မဲရုံများ တွင်ကူညီခြင်းတို့ဖြစ်ကြသည်။ ပြည်သူများ မဲပေးနိုင်ပြီးနိုင်ငံရေးမဲဆွယ်ပွဲများတွင်ကူညီ နိုင်သကဲ့သို့လူမှုအဖွဲ့အစည်းများတွင်လုပ် အားပေးနိုင်သည်။ သို့တည်းမဟုတ် မိမိ တို့အတွက်အရေးကြီးသည့်ကိစ္စရပ်ပြဿနာများကိုဖြေရှင်းပေးရန်အထက်လွှတ်တော်အမတ်နှင့်လွှတ်တော်ကိုယ်စား လှယ်များကိုခေါ်ယူတွေ့ဆုံခွင့်ရှိသည်။
ဥပဒေပြုလွှတ်တော်တွင် စစ်တပ် အခန်းကဏ္ဌရာခိုင်နှုန်းမည်မျှပါဝင်သနည်း ဟု အဆိုပါစာအုပ်ထဲတွင်အထပ်ထပ်အခါ ခါရှာဖွေကြည့်မိသော်လည်း မတွေ့ရှိပါ။နိုင်ငံတည်ဆောက်သည့်တပ်မတော်သည် နိုင်ငံကိုကျူးကျော်မည့်သူများကိုရှာဖွေနှိမ် နင်းရန်တာဝန်ရှိသည်။ အဓိကစစ်သေနာ ပတိချုပ်အာဏာသည်နိုင်ငံတော်သမ္မတ  လက်ဝယ်တွင်သာရှိသည်ကိုဖတ်ရသည်။ လက်ရှိမြန်မာ့နိုင်ငံရေးမှာ အလှည့်အပြောင်း အကွေ့အစွန်းတွင်ရောက်နေသည်ဟုဆိုလျှင်မှားအံ့မထင်။ ဘယ်ဘက်ကိုကွေ့မည် လား။ ညာဘက်ကိုကွေ့မည်လား။ စိတ် ၀င်စားသူများရှိသလို ကပ်ကွေ့လား။ ပန်း ကွေ့လား။ မသုံးသပ်နိုင်သူများလည်းတစ်ပုတစ်ပင်ဖြစ်နေကြသည်။ နောက် ဆံတင်းသူများကတော့လမ်းဘေးလည်းချ မရပ် ဘေးလည်းမကပ်ဒီမိုကရေစီလမ်းကိုကန့်လန့်ဒရွတ်တိုက်လိုက်နေကြပေသည်။ ထိုအကြပ်အတည်းကိုဖြေရှင်းရန်နှင့်မြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်နိုင်ငံအကျိုးငှာလေ့လာမိသောအဝေး ရောက်အတွေ့အကြုံများကိုတိုင်းကျိုးပြည် ပြုရေးသားမျှဝေလိုက်ခြင်းဖြစ်ပါသည်။ ထိုအကဲမှအမိမြန်မာနိုင်ငံနှင့်ကိုက်ညီသည့် အခြေခံအချက်အလက်များကို အသစ် ပေါ်ပေါက်လာမည့်ဖွဲ့စည်းပုံအခြေခံပြင် ဆင်ချက်များတွင် ထည့်သွင်းပြဋ္ဌာန်းနိုင်ပါရန်ပြည်သူများတင်မြှောက်ထားသော ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များကို စေတနာအရင်းခံတိုက်တွန်းလိုက်ရပါသည်။


ကိုညီညီ-တောင်ကြီး

No comments:

Post a Comment